စိတ်ဖိစီးမှု (Stress) ဆိုသည်မှာ အလုပ်ကြောင့် ဖြစ်စေ၊ လူမှုရေးကြောင့် ဖြစ်စေ အကြောင်းအမျိုးမျိုးဖြင့် ရရှိလာသော စိုးရိမ် ကြောင့်ကျမှု၊ သောက (Anxiety) ကြောင့် ဖြစ်ပေါ်လာသော အရာကို ဆိုလိုပါသည်။ လူတိုင်းတွင် စိတ်ဖိစီးမှု အနည်းနှင့် အများ ရှိတတ်ကြပါသည်၊၊

အတန်အသင့် ရှိသင့်သော ပူပင်သောကထက် များပြားလာပါက စိတ်ကျန်းမာရေး ကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး စိတ်ဖိစီးမှု လျှော့ချရေး အစီအစဥ် (Stress Management Program) များ တွင်ပါဝင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူများထံ (Counselling) ပြသတိုင်ပင်ခြင်းနှင့် နှလုံးကျန်းမာရေး အတွက် (Cardiac Stress Test) စစ်ဆေးခြင်းများကို ပြုလုပ်သင့်ပါသည်၊၊

မိမိ၏ စိတ်ဖိစီးမှု အခြေအနေကို သိရှိနိုင်ရန် အောက်ပါ မေးခွန်းများကို ဖတ်ရှုပြီး ဖော်ပြပါ အချက် ၅ ချက်မှ မိမိနှင့် ကိုက်ညီသည့် အချက်ကို ရွေးချယ်ဖြေဆိုပါ။

မေးခွန်းများကိုဖြေဆိုမည် ပင်မစာမျက်နှာ