ထုတ်ကုန်အကြောင်း
Enervon C မှာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ ဗီတာမင်စီ နဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အားအင်ကို အကောင်းဆုံး ဖြည့်တင်းပေးတဲ့ ဗီတာမင်ဘီ အုပ်စုတို့ အချိုးကျနစွာ ပေါင်းစပ်ပါဝင်တာကြောင့် တနေ့တလုံးသောက်သုံးခြင်းဖြင့် စိတ်ဖိစီးမှု ကင်းဝေးပြီး အားအင်ပြည့်ဖြိုးလန်းဆန်းတက်ကြွနေစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်ပုံမှန်သောက်သုံးခြင်းဖြင့် ဗီတာမင်စီ နှင့် ဗီတာမင်ဘီ ချို့တဲ့လျှင်ဖြစ်ပေါ်တတ်သော သွားဖုံးသွေးထွက်ခြင်း၊ ထိခိုက်မိလျှင်သွေးထွက်လွယ်ခြင်း၊ အသားအရေ မွဲခြောက် ကြမ်းတမ်းခြင်း၊ အနာကျက်နှေးခြင်း၊ သတိမေ့လျော့ခြင်း၊ အမြင်အာရုံအားနည်းခြင်းနှင့် ဘယ်ရီဘယ်ရီ ရောဂါဖြစ်ပွားခြင်းတို့မှ ကာကွယ်နိုင်ပါတယ်။ Enervon C ကိုအသက် ၁၂ နှစ်မှစတင်၍ နေ့စဉ်ပုံမှန်သောက်သုံးနိုင်ပါတယ်။
သုံးစွဲပုံအညွှန်း
• ဗီတာမင်စီနှင့် ဗီတာမင်ဘီ ချို့တဲ့မှုကို ကာကွယ်ပေးပါသည်။
• တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေရန် လိုအပ်သော အာဟာရများကို ဖြည့်စွက်ပေးနိုင်ပါသည်။
• ခန္ဓာကိုယ်မှလိုအပ်သော အားအင်ကိုပြည့်ဝစေပြီး ကျန်းမာဖျတ်လတ်စေပါသည်။
• တစ်နေ့လျှင်တစ်လုံး (သို့မဟုတ် ) ဆရာဝန် ညွှန်ကြားသည့် အတိုင်း သုံးစွဲပါ။
ထားသိုသိမ်းဆည်းပုံအညွှန်း
· အခန်းအပူချိန် သို့မဟုတ် ၃၀ ဒီဂရီစင်တီဂရိတ်အောက်၊ နေရောင်တိုက်ရိုက်မထိသော၊ အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။
ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်
• ဗီတာမင်ဘီ အုပ်စုနှင့် ဓာတ်မတည့်သူများ မသုံးစွဲရပါ။
ဘေးထွက်ဆိုးကျိုး
ဗီတာမင်စီ စားသုံးမှု လွန်ကဲပါက ဝမ်းလျှော၊ ဝမ်းပျက်ခြင်းဖြစ်တတ်ပါသည်။