အသက် ၁၂ နှစ်အထက် မှစပြီး ယောက်ျား၊မိန်းမ မရွေး ၊ လူမျိုးဘာသာမရွေး သောက်သုံးနိုင်ပါတယ်။
Enervon-C သောက်သုံးခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ နေ့စဉ်ပုံမှန် စားသုံးသော အစားအသောက်မှ ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်များကို ခန္ဓာကိုယ် လိုအပ်ချက်အတိုင်း လုံလုံလောက်လောက် မရရှိနိုင်ပါ။ Enervon-C ကို သောက်သုံးခြင်းဖြင့် စိတ်ဖိစီးမှုများကို သိသာစွာသက်သာပျောက်ကင်းစေပြီးခွန်အားပြည့်ဝစေပါတယ်။ Enervon-C တွင် Vit C 500mg ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကို အထူးကောင်းမွန်စေရန် မြှင့်တင်ပေးပြီး ကူးစက်ရောဂါများမှ ကာကွယ်ပေးပါတယ်။ စိတ်ကို လန်းဆန်းကြည်လင် တက်ကြွစေပါတယ်။ ဒါအပြင် အာရုံကြောစနစ်ကို အားဖြည့်ပေးတဲ့ ဗီတာမင် B ဒြပ်ပေါင်းစု ပေါင်းစပ်ပါဝင်တာကြောင့် စဉ်းစားဉာဏ် ထက်သန်ကာ အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ ဗီတာမင် B ဒြပ်ပေါင်းစု က အစာခြေစနစ်ကို အားပေးပြီး အစာကနေခွန်အားအဖြစ် ပြည့်ဝစွာပြောင်းလဲစေနိုင်တာကြောင့် ကုန်ခမ်းသွားသော အားအင်ကို ပြန်လည်ရရှိစေပါတယ်။ သွေးလည်ပတ်မှုဖြစ်စဉ်ကိုလည်း အားကောင်းစေပြီး ကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်ခြင်းများအတွက်လည်း အမြန်ဆုံးပျောက်ကင်းစေပါတယ်။ Enervon-C ကိုနေ့စဉ်သောက်သုံးပြီး အတူတူ ရှေ့ဆက်ကျော်ဖြတ်အနိုင်ယူလိုက်ပါ။
ပါဝင်တဲ့ ဗီတာမင်ဓာတ် အသေးစိတ်ကတော့ Vit B1 50 mg, vit B2 20 mg, vit B6 5 mg, vit B12 5 mcg, nicotinamide 50 mg, Ca pantothenate 20 mg, vit C 500 mg စတဲ့ ဗီတာမင်ဓာတ်တွေပဲဖြစ်ပါတယ်။
ဘေးထွက်ဆေးကျိုးလည်း မရှိတာမို့ နေ့စဉ် လိုအပ်နေသောဗီတာမင်တွေ ပါဝင်တဲ့ EnervonC ကို ရေရှည်သောက်သုံးနိုင်ပါတယ်။
အင်နာဗွန်-စီ တစ်လုံးမှာ ဗီတာမင် စီ ၅၀၀ မီလီဂရမ် ပါ ပါတယ်။ လူတစ်ယောက်က တစ်နေ့အတွက် ဗီတာမင် စီ ကိုအများဆုံး ၁၅၀၀-၂၀၀၀ မီလီဂရမ်အထိ သောက်သုံးနိုင်ပါတယ်။၂၀၀၀ မီလီဂရမ် ထက်မကျော်သင့်ပါဘူး။ ဒါကြောင့် တစ်နေ့ကို ၄လုံးထက် ပိုမသောက်သင့်ပါဘူး။
လူတစ်ယောက်နဲ့ တစ်ယောက် ဖွဲ့စည်းပုံချင်း မတူတာကြောင့် အားဆေးတွေကို ပြန်လည်တုန့်ပြန်ပုံခြင်းလည်း မတူကြပါဘူး။ - တချို့က အားဆေးသောက်ပြီးရင် လန်းဆန်းသွားတတ်ကြတာကြောင့် မနက်ပိုင်းသောက်ဖို့ ပိုသင့်တော်ပါတယ်။ - အားဆေးသောက်ပြီးရင် အိပ်ချင်သူတွေအတွက်ကတော့ အားဆေးတွေကို ညပိုင်း သောက်သင့်ပါတယ်။ Enervon-C မှာ ပါဝင်တဲ့ ဗီတာမင် အများစုကတော့ လန်းဆန်းစေတဲ့ အတွက် မနက်ပိုင်းသောက်ဖို့ အကြံပြုပါတယ်။ သောက်ပြီးရင် နှစ်ခြိုက်စွာ အိပ်ပျော်သူများလည်း ရှိတတ်တာကြောင့် ညဘက်လည်း သောက်နိုင်ပါတယ်။
Enervon-C က Vitamin C 500 mg ပါဝင်တာမို့ သွေးတိုးရှိတဲ့သူတွေအတွက် ပိုပြီးကောင်းတာကြောင့် စိတ်ချစွာသောက်နိုင်ပါတယ်။ တချို့ အခြားအားဆေးတွေမှာတော့ သွေးတိုးရှိရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်ရပေမယ့် Enervon-C ကတော့ သွေးတိုး ၊ ဆီးချို ရှိတဲ့သူတွေလည်း သောက်လို့ရပါတယ်။
ဆီးအဝါရောင်သွားတဲ့အကြောင်းလေးပြောချင်ပါတယ်။ ဗီတာမင် စီနဲ့ ဘီ အုပ်စုဟာရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေ ဖြစ်တာမို့ ကျောက်ကပ်မှတဆင့် ဆီးအဖြစ် စွန့်ထုတ်ပါတယ်။ ဗီတာမင် ဘီ တစ်မျိုးဖြစ်တဲ့ Vit B2 Riboflavin မှာ ပါဝင်တဲ့ သဘာဝရောင်ခြယ်တစ်မျိုး က စိမ်းဝါရောင်ဖြစ်ပါတယ်။ ဒါကြောင့် ဆီး စွန့်တဲ့အခါ ဝါတာတာဖြစ်တတ်ပါတယ်။ ဒါဟာ ပုံမှန်ဘဲ ဖြစ်လို့ စိတ်ချလက်ချသောက်သုံးနိုင်ပါတယ်။
Enervon-C ကိုသောက်သုံးခြင်းဖြင့် ဝစေခြင်းမျိုးမရှိသော်လည်း Enervon-C မှာ ပါဝင်တဲ့ Vit B Complex က အစားအစာမှ အာဟာရကို ကိုယ်ခန္ဓာအတွက် စွမ်းအင်ဖြစ်အောင် ပြောင်းလဲပေးလို့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ပါတယ်။
အစာအိမ်ရောဂါ ရှိတယ်ဆိုရင်တော့ Enervon-C မှ မဟုတ်ပါဘူး တခြားဘယ်အားဆေးမျိုးမဆို Kremil-S လိုမျိုး အစာအိမ်ဆေးလေးနဲ့ တွဲသောက်ပေးဖို့ လိုပါတယ်။ အစာစားပြီး မှ သောက်ပေးပါ။ Enervon-C မှ မဟုတ်ပါဘူး တခြား အားဆေးတွေလည်း ဒီအတိုင်းပဲ သောက်ပေးဖို့လိုပါတယ်။
ကိုယ်ဝန်ဆောင်သောက်လို့ရပါတယ်။ လနုတဲ့အချိန်မှာတော့ တချို့ OG တွေက စိတ်ဖိစီးမှုတွေသက်သာပီး လန်းဆန်းအောင် Enervon-C ကို folic acid နဲ့ တွဲဖက် ညွှန်ကြားတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန် ၃လကျော်ပီဆိုတာနဲ့ Obimin လို ကိုယ်ဝန်ဆောင်အတွက်သီးသန့်ထုတ်တဲ့ အားဆေးကတော့ ပိုမိုသင့်တော်ပါတယ်။
နို့တိုက်စဉ်ကာလမှာတော့ ကိုယ်ဝန်ဆောင်တုန်းကအားဆေးကိုသာ ဆက်သောက်သင့်ပါတယ်။
ကျောက်ကပ်မှာကျောက်တည်တဲ့သူတွေဆို ပြနေကျဆရာဝန်နဲ့သေသေချာချာတိုင်ပင်ပြီးမှ သောက်ပေးပါ။ ဘာကြောင့်လဲဆိုတော့ ဗီတာမင်စီပါဝင်တဲ့အားဆေးတိုင်းက ကျောက်ကပ်သမားတွေအတွက် သတိနဲ့သုံးဆောင်သင့်တာကြောင့် ဖြစ်ပါတယ်။
Vitamin B နဲ့ Vitamin C ပဲပါဝင်တာဖြစ်တဲ့အတွက် တခြားဆေးနဲ့တွဲသောက်နိုင်ပါတယ်။
အစာအိမ်ထိခိုက်မှုမရှိစေရန် ဗီတာမင်စီမှ မဟုတ်ပါ မည်သည့်အားဆေးမဆို အစာစားပြီးမှ သောက်သုံးသင့်ပါတယ်။
ထုံတာကျင်တာတွေ ခံစားရရင်တော့ မနက်စာစားပီး သောက်ကြည့်ပါ။ Vitamin B ဒြပ်ပေါင်းစုပါဝင်လို့ ထုံတာကျင်တာတွေ ပျောက်ပါတယ်။
တည့်ပါတယ် ရောတော့မသောက်သင့်ပါ။
အဆီပို ကို လျော့ကျစေဖို့အတွက်တော့ တိုက်ရိုက် အကျိုးသက်ရောက်မှု မရှိပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှု များရင် ခန္ဓာကိုယ် က အဆီပိုတွေ တက်လာမယ် ၀ လာတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Enervon C သောက်ပြီး စိတ်ဖိစီးမှုတွေကို ကျော်လွှားကာ ခန္ဓာကိုယ် ကို အလှဆုံးထိန်းထားနိုင်ပါတယ်။
ပိန်တာဝတာက အားဆေးထက် စားသောက်တဲ့အစားအသောက်ပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုတို့အပေါ်ပိုပြီးမူတည်ပါတယ်။ အင်နာဗွန်စီက ပိန်စေခြင်း၊ ဝစေခြင်းမျိုးမရှိပဲ ခွန်အားပြည့်ကျန်းမာပြီး တနေ့တာလုံးလန်းဆန်းစေပါတယ်။ အင်နာဗွန်စီကို နေ့စဉ် တစ်နေ့တစ်လုံး ရေရှည်စွဲသောက်နိုင်ပါတယ်။
အိပ်ရေးပျက်တဲ့ညတွေဆိုရင် နောက်နေ့မနက်မှာ စိတ်ကြည်လင် လန်းဆန်းစွာ အလုပ်လုပ်နိုင်ဖို့ Enervon-C က အလိုအပ်ဆုံးပါပဲ။ မနက်စာစားပြီးတိုင်း တစ်လုံး သောက်သုံးပေးသင့်ပါတယ်။
ခြောက်သွေ့ပြီး နေရောင်တိုက်ရိုက်မထိတဲ့နေရာမှာထားပါ။ အပူချိန် 30 C ထက်မပိုတဲ့နေရာမှာထားပေးပါ။